sentence_id
int64 1
10.7M
| text
stringlengths 2
17.7k
| string_length
int64 2
17.7k
| length_category
stringclasses 87
values |
|---|---|---|---|
201
|
ထို့ကြောင့် ထိုနေရာအား Lung taak shih ဟူ၍ သမုတ်ခဲ့သည်။
| 54
|
<100
|
202
|
မိုးနှောင်း ပိုင်းတစ်နေ့ စမ်းချောင်းဘေး တစ်နေရာ၌ ငါး (Puel Nga) များစွာ ဖမ်းမိပြီး အီလောက်အောင်ပင် အလွန် အကျွံစားမိသဖြင့် နေမထိထိုင်မသာဖြစ်ရာ ထိုနေရာအား ချင်းစကားဖြင့် (Lawn Puel) ဟု သမုတ် ထားခဲ့သည်။
| 199
|
<200
|
203
|
ထိုသို့ တစ်နေရာမှ တစ်နေရာ ရွေ့ပြောင်းနေထိုင်ရင်း (Althawng Cung) ခေါ်သည့် တောင်ထိပ်ပေါ်သို့ ရောက်ရှိလာခဲ့သည်။
| 109
|
<200
|
204
|
ထိုတောင်ထိပ်မှ ရှုခင်းများ ကြည့်ရှု ခံစားရင်း တောင်တန်း တစ်နေရာ၌ စပါးပင်ကဲ့သို့ ဝင်းဝါနေသည်ကို လှမ်းမြင်မိသည်။
| 110
|
<200
|
205
|
စပါးဝင်းများ အထင်ဖြင့် ချက်ခြင်းပင် ထိုတောင်တန်း (zampa pawl) ဆီသို့ လိုက်သွားခဲ့သည်။
| 85
|
<100
|
206
|
အနီးနား ရောက်မှ စပါးများ မဟုတ်ဘဲ မြက်ပင်တစ်မျိုး ဖြစ်နေသည်ကို သိသောအခါ မောမောဖြင့် ထိုနေရာ၌ပင် စတည်းချ နေထိုင်အနားယူလေ၏။
| 120
|
<200
|
207
|
ဆက်လက်၍ ခရီးဆက်ရန် စိတ်မပါတော့သဖြင့် နောင်တွင် ဟာတူး ဖြစ်လာမည့် Pacuum မှာ Ludau Sawm တောင်ခြေရှိ Imteng တောင်ကြော Lawnghoi အရပ်ဒေသ၌ပင် တစ်သက်လုံး နေထိုင် လေတော့သည်။
| 165
|
<200
|
208
|
ဤကား ဟာတူး၏ ဆင်းသက် ရောက်ရှိမှု ပုံစံဖြစ်သည်။
| 45
|
<100
|
209
|
Pacuum ၏ စတင်ခရီးပြုခဲ့သည့် နေရာကို ဖေါ်ပြရာ၌ Mahtu ben ei am na law ဟူ၍ နှုတ်သမိုင်း၊ ပါးစပ်ရာဇဝင်နှင့် နှုတ်တိုက် သင်ပေးသည့် တေးသမိုင်းများ၌ ဆိုစမှတ် ပြုခဲ့ကြသည်။
| 164
|
<200
|
210
|
ထိုအဆို အရ ပုဂံရာဇဝင်မှ ချင်း (ဒိုင်၊ မာ့တူ၊ မကန်း၊ ခူမ်၊ လေးမြို့ချင်း) တို့သည် ချင်းတွင်းဒေသနှင့် ပုပ္ပါးပုဂံ၊ ဧရာဝတီ မြစ်ကြောင်း တလျှောက်၌ နေထိုင်ခဲ့ကြပြီး တဖြည်းဖြည်း တောင်ပေါ် ဒေသများဖြစ်သည့် ရခိုင်ရိုးမနှင့် ယခု ချင်းတောင်ဒေသများ၌ ပြောင်းရွေ့ နေထိုင် ခဲ့ကြသည်။
| 266
|
<300
|
211
|
ထိုမှ တချို့ (ဒိုင်) သည် လည်မိုျမြစ် (လေးမြို့မြစ်) ကြောင်းတစ်လျှောက် အထက်သို့ ဆန်တက်လာကြပြီး ရောက်ရာဒေသများ၌ ကျေးရွာများကို တည်ထား ခဲ့ကြဟန် ရှိသည်။
| 148
|
<200
|
212
|
ထိုမှ Pacuum တဖြစ်လဲ ဟာတူးသည် ယခု မားဒူ (မာ့သူ) ဒေသမှ ဆက်လက် ဆန်တက်လာပြီး ဟာတူးရွာ၏ သမိုင်းစတင်ရာ ဖြစ်လာခဲ့သည်။
| 111
|
<200
|
213
|
ချင်းလူမျိုးများ အတော်များများ အဦးပိုင်းကာလများ၌ စာပေများ ရှိခဲ့သော်လည်း အလေးအနက် မထားရှိခဲ့သဖြင့် အကြောင်း အမျိုးမျိုးကြောင့် ပျောက်ရှှကြရာ နောင်တွင် ရှေးဘိုးဘေးများ၏ နှုတ် သမိုင်း၊ ပါးစပ် ရာဇဝင်နှင့် နှုတ်တိုက်သင်ပေးသည့် တေးသမိုင်းများကိုသာ အလေးထား အားကိုး ကြရသည်။
| 266
|
<300
|
214
|
အလားတူပင် ဤ ဟာတူးရွာ သမိုင်းသည်လည်း ခိုင်မာသည့် စာပေသမိုင်းများ မရှိခဲ့စေကာမူ ဖေါ်ပြပြီးသည့်အတိုင်း နှုတ်သမိုင်း၊ ပါးစပ်ရာဇဝင်နှင့် နှုတ်တိုက် သင်ပေးသည့် တေးသမိုင်းများအရ သော်လည်းကောင်း၊ တခြား ခိုင်လုံသည့် အထောက်အထား၊ မှတ်ကျောက်တိုင်များအား ကိုးကားဖေါ်ပြရခြင်း ဖြစ်သည်။
| 269
|
<300
|
215
|
ယနေ့လက်ရှိ Pacuum သမုတ်ခဲ့သည့် နေရာများ၌ နေထိုင်ကြသော ဒေသခံများမှ ယနေ့တိုင် ထိုအမည် နာမများဖြစ်ပင် ခေါ်တွင် နေဆဲပင်ဖြစ်သည်။
| 123
|
<200
|
216
|
ဒဏ္ဍာရီ ပုံပြင်သဖွယ် နှုတ်သမိုင်းများအဖြင့်သာ ကြားနာ မှတ်သားခဲ့ကြ ရသော်လည်း ယနေ့တိုင်ခေါ်ဝေါ်သည့် ထိုအမည်နာမများအား ထောက်ရှုခြင်းအားဖြင့် အခိုင်အမာပင် မှန်ကန်ကြောင်း တွေ့ရှိနိုင်သည်။
| 182
|
<200
|
217
|
ချင်းလူမျိုးများ၏ ဆင်းမှုပုံသဏ္ဍာန်နှင့် လူမျိုးစု တခုစီ၏ အသုံးအဆောင်၊ အသုံးအနှုန်းများအား လေ့လာ သုံးသပ်ကြည့်မည်ဆိုလျှင် ဒိုင်လူမျိုးစုသမိုင်းသည် ရှေးပုဂံခေတ် သမိုင်း၌ပင်လျှင် အထင်အရှား နေထိုင်ခဲ့ကြကြောင်း ဖေါ်ပြထားမှုများအား တွေ့ရှိရသည်။
| 238
|
<300
|
218
|
ဒိုင်လူမျိုးစု၏ စကား အသုံးအနှုန်းများကို လေ့လာကြည့်လျှင် တချို့ အသုံးအနှုန်းများတွင် အရှိုှုချင်းများ၏ အသုံးအနှုန်းနှင့် များစွာ တူညီနေကြောင်း တွေ့ရှိရသည်။
| 155
|
<200
|
219
|
၄င်းကို ထောက်ရှုခြင်းအားဖြင့် ဒိုင်လူမျိုးစုများသည် အရှိုှုချင်း (မြေပြန့်ချင်း) များနှင့်အတူ ကာလ အတော်ကြာ နီးနီးကပ်ကပ် နေထိုင်ခဲ့ဟန် တွေ့ရသည်။
| 143
|
<200
|
220
|
စကားလုံး သုံးနှုန်းရာ၌ ဒိုင်လူမျိုးများမှ အထက်ပိုင်း၌ နေထိုင်သူများအား (Ahlungtu) ဟူ၍ လည်းကောင်း၊ ဥပမာ ချန်းပြန်းရွာသားများကို ချန်းပြန်းသူ၊ ကာအိမ်းရွာ၌ နေထိုင်သူများကို ကာအိမ်းသူဟူ၍ လည်းကောင်း ခေါ်ဆို သုံးနှုန်းကြသည်။
| 218
|
<300
|
221
|
အလားတူပင် အရှိုှုချင်းများမှလည်း တောင်ပေါ်၌ နေထိုင်သူများအား ကောန်သူ၊ မြေပြန့်နေသူများအား အောတ်သူ၊ အန်းနယ်၌ နေသူများကို အန်သူ၊ ခရင်းဝါတွင်းနေသူများကို ဒိုင်းသူ ဟူ၍ ခေါ်ကြသည်။
| 174
|
<200
|
222
|
ဤသို့သော အသုံးအနှုန်း တူညီမှုများ များစွာပင် တွေ့ရှိနေရသည်ဖြစ်ရာ ဒိုင်လူမျိုးစုများသည် ယခင် အရှိုှုချင်း (မြေပြန့်ချင်း) များနှင့်အတူ ကာလ အတော်ကြာ နီးနီးကပ်ကပ် နေထိုင်ခဲ့ဟန် ပိုမို ထင်ရှား ခိုင်မာစေသည်။
| 202
|
<300
|
223
|
zampa pawl နှင့် Ludau Sawm တဝိုက်၌ စတည်းချရန် နေရာ ရှာဖွေနေရင်း Pacuum သည် ရေဆာလှသဖြင့် ခေတ္တအနားယူကာ လတ်တလော ရေရရှိမည့်နေရာကို အာရုံစိုက် စဉ်းစားရှာဖွေတော့သည်။
| 161
|
<200
|
224
|
ထိုသို့ဖြင့် စဉ်းစားနေစဉ်၌ ငှက်ကလေး တစ်ကောင် (Hliksui Va) အသံပေးပြီး တောင်ခြေဘက်သို့ ထိုးဆင်းသွားသည်ကို လှမ်းမြင်လျှင် Pacuum သည် ရေရနိုင်မည့် နေရာကို စဉ်းစားမိတော့သည်။
| 168
|
<200
|
225
|
ငှက်ကလေး (Hliksui Va) ထိုးဆင်းသွားသည့် တောင်ခြေသို့ လိုက်သွားရာ စမ်းချောင်းငယ်လေး တွေ့ရှိသဖြင့် (Tui ca) ဟုသမုတ်ပြီး ထိုနေရာ၌ပင် အခြေချ နေထိုင်လေတော့သည်။
| 153
|
<200
|
226
|
ဤကား ဟာတူး ကျေးရွာ၏ အစပြု အမြစ်တည်ရာပင် ဖြစ်တော့သည်။
| 52
|
<100
|
227
|
Tui ca မှတဖြည်းဖြည်း လူဦးရေ ထူထပ်များပြား လာသောအခါ လောင်ဟွေး (Long Hoi) ခေါ် (Imteng) တောင်ကြောတလျှောက် စည်ကားပျော်ရွှင်စွာ နေထိုင်ခဲ့ကြသည်။
| 140
|
<200
|
228
|
ယနေ့တိုင် လောင်ဟွေး ဒေသတလျှောက် ရှေး အသုံးအဆောင်များနှင့် ယဉ်ကျေးမှု ပစ္စည်းများ တွေ့ရတတ်သည်။
| 93
|
<100
|
229
|
အရိုးအိုးများ ထားသည့် ကျောက်ဖျာကြီးပင် ယနေ့တိုင် ရှိနေသေးရာ သမိုင်းမှတ်တိုင်သဖွယ် သက်သေသာဓက တစ်ခုပင် ဖြစ်နေတော့သည်။
| 115
|
<200
|
230
|
၄င်းအပြင် ဝတ်စားဆင်ယင်မှု၌ အသုံးပြုသည့် ရှေးပုတီးလုံးများကိုလည်း ထိုဒေသများ၌ ယနေ့တိုင်ပင် ရံဖန်ရံခါ တွေ့ရှိရတတ်သည်။
| 115
|
<200
|
231
|
ဤသာဓကများကို ထောက်ရှုခြင်းအားဖြင့် ဟာတူးလူမျိုးများ၏ နေထိုင် ဖြစ်တည်မှုများသည် စာပေ အထောက်ထားများဖြင့် မတွေ့ရှိခဲ့ရသော်လည်း ၄င်းတို့၏ လက်တွေ့ နေထိုင်မှုများဖြင့် အခိုင်အမာပင် ဖေါ်ပြထားကြောင်း တွေ့ရှိရသည်။
| 204
|
<300
|
232
|
ဟာတူးရွာ၏ လူမျိုးစုများသည် အဓိကအားဖြင့် မိုျနွယ်စု လေးစုရှိသည်။
| 63
|
<100
|
233
|
Pacuum သည် လောင်ဟွေးသို့ ရောက်ပြီးနောက် သားတစ်ယောက် ထွန်းကားခဲ့သည်။
| 67
|
<100
|
234
|
ဇနီးသည်မှာ မည်သူမည်ဝါ ဖြစ်ကြောင်းကိုမူ မှတ်သား ဖေါ်ပြထားခြင်း မရှိခဲ့သောကြောင့် မသိရှိရပေ။
| 90
|
<100
|
235
|
Pacuum ၏သား Boikuep မှ သားများ ဆက်လက် ထွန်းကားခဲ့ပြီး နောင်တွင် ဟာတူးရွာ၏ လူမျိုးစုများ ဖြစ်လာကြသည်။
| 100
|
<200
|
236
|
Pa Boikuep ၏ သားများမှာ Piltun, Awitaam, Ceemca နှင့် Renghilh တို့ ဖြစ်ကြသည်။
| 78
|
<100
|
237
|
သို့သော်လည်း ထိုသား များအနက် Ceemca မှာ သားအရင်း မဟုတ်ဘဲ မွေးစားသားသာ ဖြစ်ကြောင်း ဘိုးဘေးတို့၏ နှုတ် ရာဇဝင်၌ ဆိုစမှတ် ပြုကြသည်။
| 127
|
<200
|
238
|
Piltun သည် Pacuum ၏ သားဦးဖြစ်ပြီး ပစ္စည်း ဥစ္စာများကို စုဆောင်း ထိန်းသိမ်းတတ်သော ကြောင့် Piltun ဟု အမည် မှည့်ရခြင်း ဖြစ်သည်။
| 124
|
<200
|
239
|
တောထဲသို့ သားကောင် လိုက်သည့်အခါများ၌ သော်လည်းကောင်း၊ သွားလေရာရာ၌ ရတတ်သမျှများ ရှာဖွေ စုဆောင်းတတ်သဖြင့် ဤအမည်တွင်ရခြင်း ဖြစ်သည်။
| 127
|
<200
|
240
|
ထိုကာလများတွင် မိမိ၏ အမူအကျင့်များအပေါ်၌ မူတည်၍် မှည့်ခေါ်လေ့ ရှိကြရာ နာမည်အရင်းနှင့် နာမည်ပြောင်ပင် ခွဲခြားရန် ခက်ခဲသည်။
| 121
|
<200
|
241
|
သည်ဝါအရ သော်လည်းကောင်း၊ အသက်အရ သော်လည်းကောင်း အကြီး ဖြစ်သဖြင့် ရပ်ရွာ၏ ကိစ္စရပ်များတွင် ဦးစီး ဦးဆောင် ပြုလေ့ရှိသည်။
| 115
|
<200
|
242
|
Awtaam သည် Pacuum ၏ ဒုတိယသား ဖြစ်သည်။
| 37
|
<100
|
243
|
Awtaam သည် သားကောင်များကို် ကြီးငယ်မဟူ ရတတ်သမျှ၌ မိုးမြေများတိုင်တည် ကြွေးကြော်တတ်သဖြင့် Awtaam အမည်တွင် ရခြင်းဖြစ်သည်။
| 119
|
<200
|
244
|
ထိုသို့် ပစ္စည်းဥစ္စာ အသေးအမွှား မှအစ ရရှိ ပိုင်ဆိုင်မိလျှင် ကြွားဝါ ကျိန်ဆိုတတ်သဖြင့် ဤအမည် တွင်ရခြင်းဖြစ်သည်။
| 111
|
<200
|
245
|
Renghilh သည် Pacuum ၏တတိယသားဖြစ်၍ သူသည် သွားလေရာရာ၌ မိမိ၏ ပစ္စည်းများ မေ့ကျန်တတ်သဖြင့် အမည်တွင် ရခြင်း ဖြစ်သည်။
| 111
|
<200
|
246
|
တောထဲ၊ တောင်ထဲ သွားသောအခါများတွင် မိမိ၏ဥစ္စာများ အကြိမ်ကြိမ် မေ့လျော့တတ်သဖြင့် မိသားစုတွင်း၌ စိတ်ချမှု အနဲဆုံးဖြစ်သည်။
| 118
|
<200
|
247
|
Ceemca မှာမူ Pacuum ၏ သားအရင်း မဟုတ်ဘဲ မွေးစားသား ဖြစ်သည်။
| 58
|
<100
|
248
|
သူသည်လည်း ထင်း ခွေ၊ ထင်းခွဲသည့် အခါများတွင် သတ်တောင်းတတ်သဖြင့် ဤအမည်တွင် ရခြင်းဖြစ်သည်။
| 87
|
<100
|
249
|
သတ်ကို ချင်းဘာသာ ဖြင့် Ceem ဟုခေါ်ရာ နောင်တွင် Ceemca ဟူ၍ အမည်တွင်သွားခြင်းဖြစ်သည်။
| 83
|
<100
|
250
|
ထိုသို့ နေထိုင်ခဲ့ကြပြီး နောင်တွင် Piltun မှ သားနှစ်ယေက် ထွန်းကားရာ ထိုသားများကို Piltun နှင့် Bawinaa ဟူ၍ မှည့်လေသည်။
| 118
|
<200
|
251
|
ထိုမှ Piltun အမျိုးတွင် Piltun နှင့် Bawina ဟူ၍ မိသားစုုငယ် ထပ်မံ၍ ခွဲခြားထားသည်။
| 81
|
<100
|
252
|
ထိုမှ Piltun, Bawinaa, Awitaam, Renghilh နှင့် Ceemca စသည့် လူမျိုးစုများဖြင့် ပျော်ရွှင်စွာ နေထိုင်ခဲ့ကြသည်။
| 109
|
<200
|
253
|
ဟာတူးရွာ မျိုးနွယ်စုများတွင် Piltun မျိုးနွယ်စုသည် Pacuum ၏ သားဦးများဖြစ်သည်။
| 77
|
<100
|
254
|
ထိုသို့ နှင့်အညီ မိသားစုအတွင်း ဦးဆောင် ဦးရွက် ပြနိုင်သူဖြစ်ပြီး ဖခင်ဖြစ်သူ၏ အားအထားရဆုံး သားလည်းဖြစ်ရာ ညီအကိုများထဲတွင် ဩဇာရှိသူ ဖြစ်သည်။
| 137
|
<200
|
255
|
အစဉ်အဆက် ၄င်းမျိုးနွယ်စု၏ အဆုံးအဖြတ်၊ ဦးဆောင်မှုကို ရွာလူထုမှ နာခံ လိုက်လျှောက် ကြရသည်။
| 87
|
<100
|
256
|
တနေ့သ၌ Pacuum သည် မိမိ နေထိုင်ရာ ပိုင်ဆိုင်သည့် ဒေသများကို လေ့လာမှု ပြုရန်အတွက် ခရီးပြုခဲ့သည်။
| 94
|
<100
|
257
|
မိမိ ပိုင်ဆိုင်သည့် နေရာဒေသများကို လိုက်လံ မှတ်သားရင်း တနေရာ အရောက်တွင် လူပုဂ္ဂိုလ်တစ်ဦး နှင့် တွေ့ဆုံမိကြသည်။
| 110
|
<200
|
258
|
နောင်တွင် လှန်ပြန်း ဖြစ်လာမည့် ထိုပုဂ္ဂိုလ်နှင့် ဒါဝ် (Dau) အရပ်၌ တွေ့ဆုံကြပြီးနောက် နှစ်ဦး သဘောတူ နယ်မြေများ ခွဲဝေကြသည်။
| 121
|
<200
|
259
|
လှန်ပြန်းဖြစ်လာမည့် ထိုပုဂ္ဂိုလ်သည် ဘက်မှ လာသဖြင့် နေ့လည်စာအဖြင့် ပြောင်းဖူးဖြင့် ပြုလုပ်သည့် သရေစာသာ ယူလာသည်။
| 110
|
<200
|
260
|
Muen ben lamei a law la awm uengh, Muen ai cang tun buh uengh vai ni ana cuun law ဟူ၍ ဆိုစမှတ် ပြုကြသည်။
| 104
|
<200
|
261
|
Pacuum မှာ ဤဒေသ သို့ အရင်ရောက်နှင့်သူ ပီပီ ကောက်ညှင်း ထမင်းထုပ်လာသည်။
| 69
|
<100
|
262
|
၄င်းတို့ နှစ်ဦးသား ခင်မင်မှု သဘောဖြင့် မိမိတို့ ယူဆောင်လာကြသည့် နေ့လည်စာများကို အချင်းချင်း အပြန်အလှန် ခွံ့ကြွေးကြသည်။
| 118
|
<200
|
263
|
နေ့လည်စာ စားရင်းပင် မိမိ ပိုင်ဆိုင်ရမည့် မြေနေရာ တောင်ကြောများကို လက်ညှိုး ညွှန်ရာ ရွေးယူကြရသည်။
| 96
|
<100
|
264
|
ယူဆောင်လာသည့် နေ့လည်စာမှာ ကောက်ညှင်း ထမင်းဖြစ်၍ မြိုရ လွယ်ကူသဖြင့် အဆင်ပြေ ချောမွေ့စွာ နယ်မြေ နေရာများကို လျင်မြန်စွာ ရွေးယူနိုင်သည်။
| 133
|
<200
|
265
|
သို့သော် Pacuum မှာ လှန်ပြန်း ခွံ့ကြွေးသည့် နေ့လည်စာသည် ပြောင်းဖူးဖြင့် ပြုလုပ်သည့် (Vai) သရေစာသာဖြစ်ရာ မြိုရချရန်အခက်တွေ့သည်။
| 126
|
<200
|
266
|
လည်ချောင်း၌ တစ်နေသဖြင့် နယ်မြေရွေးယူရာတွင် အခက်တွေ့တော့သည်။
| 59
|
<100
|
267
|
လှန်ပြန်းကဲ့သို့ လျင်မြန်စွာ ရွေးယူနိုင်ခြင်း မရှိသဖြင့် မိမိ လက်လှမ်းမီသလောက်သာ ပိုင်ဆိုင်ရသည်။
| 96
|
<100
|
268
|
Pacuum ပိုင်ဆိုင်ထားသည့် နယ်မြေများမှာ လှန်ပြန်းနှင့် နှစ်ဦးသဘောတူ ပိုင်းခြားသည့် နယ်နမိတ်မှ နေ၍ တောင်ကြောအလိုက် ရွေးယူ ပိုင်ဆိုင်ထားသည်။
| 137
|
<200
|
269
|
ပိုင်ဆိုင်ထားသည့် နယ်မြေများမှာ ကီလောင်ချောင်း၏ အရှေ့ဘက်တွင် ဒါဝ်သူန် (Dautung)၊ ဒါဝ်ကဲက် (Daukeek)၊ လင် (Ling)၊ ရှိထာ့လ် (Shihthalh)၊ ရော်ဒူမ် (Rawdum)၊ အင်မ်သဲန်း (Imteng)၊ ရှီလ်သူန် (Shiltung)၊ ရှီလ်ထာလ် (Shilthal) စသည်ဖြင့် လည်းကောင်း၊ ကီလောင်းချောင်း၏ အနောက်ဘက်ခြမ်းတွင် ထောင်းဗန် (Thawngvan)၊ လေဇောင်း (Le zoeng)၊ ရူဒ် (Ruut)၊ အဲလ် (El)၊နှင့် သီူမ် (Tuem) စသည်ဖြင့် နယ်မြေများကို ပိုင်ဆိုင်ထားသည်။
| 403
|
<500
|
270
|
တောင်ကြောအလိုက် ပိုင်ဆိုင်မှု ဧရိယာများကို ဖေါ်ပြရလျင် ကီလောင်းချောင်း၏ အနောင်ဘက်ခြမ်း၌ လှန်ပြန်းနယ်စပ်၊ အာလ်ထောင်စူန်း (Althawng cung) မှ စ၍ သီူမ်လော်န် (Tuem lawn)၊ အယ်လ်လော်န် (Ellawn)၊ ရူဒ်လော်န် (Ruutlawn) မှ ရွှင်သွီးဘူန် (Suntui bung) သောင် (Tawng) ဒေသများအထိ လည်းကောင်း၊ ကီလောင်းချောင်း၏ အရှေ့ဘက်ခြမ်းတွင် ဒါဝ်ဗားဆောခ် (Dauva shawk) မှ စာတလူးဆော်မ် (Saltlu sawm)၊ ယံပါးပေါလ် (Zampa pawl)နှင့် လူဒါဝ်ဆော်မ် (Ludau sawm) ဒေသများအထိလည်း ကောင်း နယ်မြေများကို ကျယ်ဝန်းစွာ ပိုင်ဆိုင်ထားသည်။
| 493
|
<500
|
271
|
ဟာတူးတို့၏ နယ်မြေ ပိုင်ဆိုင်မှုများသည် နယ်မြေ ကျယ်ဝန်းသည်နှင့် ၄င်းဒေသတွင်း၏ ထွက်ရှိသည့် သစ်၊ ဝါးများသည် နောင်တွင် ဟာတူးရွာလူထု၏ တိုးတက်မှုများကို များစွာ အထောက်အကူ ပြုလေသည်။
| 174
|
<200
|
272
|
ဒေသတွင်းရှိ မြစ်ချောင်းများ၊ သစ်တောများသည် ထူးကဲစွာ အကျိုးပြုသည့် သယံဇတများပင် ဖြစ်တော့သည်။
| 91
|
<100
|
273
|
ဤသို့ဖြင့် ပိုင်ဆိုင်ရာ နယ်မြေများ ခွဲဝေ၍ ပိုင်ဆိုင်ခဲ့ကြသော်လည်း ရပ်ရေးရွာရေးအတွက် အသုံးလိုလျှင်မူ ခွဲခြားမူ မရှိဘဲ အချင်းချင်း နားလည်မှုဖြင့် လိုအပ်သလို ခုတ်ယူ အသုံးပြုကြရသည်။
| 177
|
<200
|
274
|
မိမိ ရွာနီးချင်းများနှင့် ဒေသထွက် သစ်၊ ဝါး၊ ကြိမ်၊ နွယ်များကို အသုံးပြုခွင့်ရှိသည်။
| 83
|
<100
|
275
|
သစ်တော ထူထပ်သည်နှင့်အညီ ၄င်းသစ်တောများမှ သစ်၊ ဝါး၊ ကြိမ်နွယ်များအပြင် တောရိုင်း တိရစြွာန်များလည်း ပေါများ၊ ကြွယ်ဝလှသည်။
| 119
|
<200
|
276
|
သစ်ခွ၊ ချယ်ရီ၊ တောင်ဇလပ်ပန်းများနှင့် သစ်ခွ ပန်းပေါင်းစုံ အမျိုးပေါင်း စုံလင်လှပေရာ သဘာဝတရားများ၏ အလှဘဏ်သဖွယ် တင်စားရလောက်သည့် နယ်မြေတစ်ခုပင် ဖြစ်တော့သည်။
| 154
|
<200
|
277
|
ရှေးကာလများတွင် ဒိုင်လူမျိုးစုများ၏ အုပ်ချုပ်မှုစနစ်သည် ရိုးရှင်းလှပြီး ထိရောက်မှုရှိသည်။
| 89
|
<100
|
278
|
အထက် အခန်းများ၌ ဖေါ်ပြခဲ့ပြီးသည်အတိုင်း အုပ်ချုပ်မှုအပိုင်းတွင် ငြင်းဆိုဖွယ်မရှိ တညီတညွတ်တည်း လက်ခံထားသည့် အုပ်ချုပ်မှုစနစ်ဖြစ်သည်။
| 131
|
<200
|
279
|
ထိုသို့အုပ်ချုပ်ရာတွင် ရပ်ရွာအတွင်းရှိ အစဉ်အလာအရ အုပ်ချုပ်ရသည့် လူမျိုးဟူ၍ရှိသည်။
| 81
|
<100
|
280
|
ဝါအရ သော်လည်းကောင်း၊ အစဉ်အလာအရ သော်လည်းကောင်း ကြီးမြတ်ကြသည်ဖြစ်ရာ လူထုတရပ်လုံး၏ နာစရာ၊ ခံစရာကိစ္စရပ်များတွင် ခေါင်းဆောင်ပီပီ ဦးစွာ ရင်ဆိုင် ဖြေရှင်းရသည်။
| 153
|
<200
|
281
|
ရိုးရာလုပ်ငန်းဖြစ်သည့် တောင်ယာလုပ်ငန်းများ စတင် လုပ်ကိုင်ကြရာတွင်ပင်လျင် အုပ်ချုပ်သူများမှ ဦးစွာလုပ်ကိုင်ရသည်။
| 110
|
<200
|
282
|
ထုံးစံအရ တောင်ယာခုတ်သောအခါ ၄င်းခေါင်းဆောင်၊ သက်ကြီးအကဲများမှ ဦးစွာ စတင်ရသည်။
| 76
|
<100
|
283
|
အကယ်၍ ရွာလူထုမှ နာခံမှုမရှိဘဲ တောင်ယာကို ဖြတ်၍ ဦးစွာ သွားရောက် လုပ်ကိုင်မိလျင် ထိုတစ်နှစ်လုံး၌ တောင်ယာစပါးများ ဖြစ်ထွန်းမှုမရှိဘဲ ချုံနွယ်၊ ပိတ်ပေါင်း ထူထပ်ခြင်း၊ တောရိုင်း တိရစြွာန်များ၏ နှောင့်ယှက်ခြင်းများ ခံရတတ်သည်။
| 219
|
<300
|
284
|
ထိုု့ကြောင့် တောင်ယာလုပ်ငန်းများကို စတင်ကြသည့်အခါ အုပ်ချုပ်ရသည့် အမျိုးမှ တစ်ယောက်ယောက်၏ ဦးဆောင်မှုဖြင့် စတင်ရသည်။
| 114
|
<200
|
285
|
အုပ်ချုပ်မှုစနစ်သည် မိသားစုတွင်း အုပ်ချုပ်မှု အသွင်ဖြစ်ပြီး အသက်ကြီးသူ၏ နှုတ်ထွက်စကားကို လူထုမှ လိုက်နာ၊ နာခံရသည်။
| 114
|
<200
|
286
|
အုပ်ချုပ်သူများတွင် Khawboi, Shukki, Mangki ဟူ၍ ခေါ်ဆိုကြသည်။
| 61
|
<100
|
287
|
ထိုအုပ်ချုပ်သူများမှာ မျှတစွာ အုပ်ချုပ်သည်ဖြစ်ရာ အချင်းချင်း သင့်မြတ်မှုရှိသည်။
| 79
|
<100
|
288
|
အင်အားကြီးသည့် အမျိုးမှ အင်အားသေးသည့် အမျိုးအပေါ် နိုင်ထက်စီးနင်း အုပ်သည့်စနစ် ဟူ၍မရှိပေ။
| 89
|
<100
|
289
|
မျိုးနွယ်စုများအတွင်း အသင့်အသင့် ငြင်းခုန်မှုများ ရှိခဲ့သော်လည်း အကြီးအကျယ် စစ်ပွဲမျိုးများကား မရှိခဲ့ပေ။
| 105
|
<200
|
290
|
အကယ်၍ ကြီးကျယ်သည့် ရန်ပွဲအသွန်ဖြစ်မည့် အခြေအနေများ ပေါ်လာလျင် ကြားဝင်ဖြန်ဖျေသည့် စနစ်ဖြင့် ညှိုနှိုင်းဖြေရှင်းရသည်။
| 115
|
<200
|
291
|
မထင်မှတ်သည့် ရန်ပွဲ၊ စစ်ပွဲများရှိခဲ့လျှင် အင်အားကြီးသည့်ဘက်မှ အနိုင်ရတတ်ကြသော်လည်း ရှုံးနိမ့်သည့်သူများကို ကျေးကျွန်အဖြင့် ဖမ်းယူခြင်းများ မပြုကြပေ။
| 149
|
<200
|
292
|
ဤသို့်ဖြင့် ကျေးကျွန်စနစ် ဟူ၍ လုံးဝ မရှိဘဲ တန်းတူရည်တူပင် နေထိုင်ကြရသည်။
| 72
|
<100
|
293
|
နိုင်ထက်စီးနင်း ဗိုလ်လုပ်သည့် စနစ်များ မရှိပေ။
| 46
|
<100
|
294
|
ရပ်ရွာတွင်း တွေ့ကြုံရတတ်သည့် ပြဿနာ၊ ကိစ္စကြီးငယ်များ ဖြေရှင်းရာတွင် အုပ်ခုျပ်သူ၊ ဩဇာ ညောင်းသူ အကြီးအကဲများမှ ရိုးရာထုံးတမ်း အစဉ်အလာအတိုင်း ကိုင်တွယ်ဖြေရှင်းကြသည်။
| 162
|
<200
|
295
|
ထိုသို့ဖြေရှင်းကြ သည့်အခါ ပြဿနာဖြစ်သည့် နှစ်ဦး နှစ်ဘက်မှ ကာယကံရှင်များသည် အကြီးအကဲများ၏ အဆုံးအဖြတ်များကို ခံယူ လိုက်နာကြရသည်။
| 125
|
<200
|
296
|
ထိုပြဿနာ ကိုင်တွယ်သည့် အကြီးကဲများမှလည်း ဘက်လိုက်မှု မရှိ နှစ်ဦးနှစ်ဘက် မျှတမှုရှိစေရန် ဂရုတစိုက် ဖြေရှင်းကြသည်။
| 112
|
<200
|
297
|
ပြဿနာ အကြီးအငယ် ပမာဏ အလျောက် လျှော်ကြေးများ၊ ဆုံးမဩဝါဒများ စသည်ဖြင့် သင့်လျှော်သလို သင့်မြတ်ခြင်းများ ပြုလုပ်ကြရသည်။
| 116
|
<200
|
298
|
ကြီးသောအမှု ငယ်စေ၊ ငယ် သောအမှု ပပျောက်စေ ထုံးကို အခြေခံ ကျင့်သုံးကြသဖြင့် ရှုပ်ထွေးမှုများ မရှိလှဘဲ ငြိမ်းချမ်းစွာဖြင့် နေထိုင်ခဲ့ကြသည်။
| 136
|
<200
|
299
|
နောင် မျက်မှောက်ခေတ်များ နိုင်ငံတော်အာဏာ သက်ရောက်မှု ရှိလာသောအခါ မြို့စား၊ ရွာစားများ၊ တိုက်သုူကြီး ရွာသူကြီးများနှင့် ကျေးရွာ ပါတီ ကောင်စီ ဥက္ကဌများ၏ အုပ်ချုပ်မှုစနစ်များဖြင့် အုပ်ချုပ်လာကြသည်။
| 196
|
<200
|
300
|
ဒိုင်လူမျိုးတို့သည် အထက်၌ ဖေါ်ပြခဲ့ပြီးသည့်အတိုင်း မကြီးကျယ်လှသည့် သာမာန် မှုခင်းပြဿနာများကို မိမိအိမ်နီးချင်းများ၊ နီးစပ်ရာဆွေမျိုး၊ အပေါင်းအသင်းများနှင့် နှစ်ဘက် ပြေလည်အောင် ဆုံးဖြတ် ဖြေရှင်းကြရသည်။
| 200
|
<300
|
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.